ကွန်ပျူတာတစ်လုံး ဘယ်လိုအလုပ်လုပ်သလဲ။

Technology

ကွန်ပျူတာ လို့ပြောလိုက်ရင် တော်တော်များများက Desktop၊ Laptop တွေကိုပဲ ပြေးမြင်ကြမှာပါ။ တကယ်တော့ ကွန်ပျူတာဆိုတာ ကျွန်တော်တို့ နေ့တိုင်းသုံးနေကြတဲ့ စမတ်ဖုန်းတွေ၊ Smart TV တွေတင်မကဘဲ အိမ်က အဝတ်လျှော်စက်၊ ‌ရေခဲသေတ္တာတွေအထိ အကုန်လုံး အကျုံးဝင်ပါတယ်။

Office Monkey GIF

ကွန်ပျူတာကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြပေမယ့် အရှင်းလင်းဆုံး ဖွင့်ဆိုချက်ကတော့ ဒါပါပဲ။

“A computer is a programmable electronic device that processes raw data into meaningful information using logic and arithmetic instructions.”

ရှင်းရှင်းပြောရရင် တွက်ချက်နိုင်တဲ့စက်ကို ကွန်ပျူတာ လို့ ခေါ်တာပါပဲ။ အရင်ခေတ်တွေက ဂဏန်းသင်္ချာ တွက်ဖို့သုံးခဲ့ကြတဲ့ ပေသီး (Abacus) တွေ၊ ကာလပေါ် Calculator တွေနဲ့ ကျွန်တော်တို့ရဲ့ ဦးနှောက် အလုပ်လုပ်ပုံဟာလည်း ကွန်ပျူတာတစ်လုံးနဲ့ အလားသဏ္ဌာန် တူပါတယ်။

ဒါပေမယ့် သူက ရိုးရိုး Calculator တွေလို ဂဏန်းသင်္ချာ သက်သက်ပဲ တွက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပေးလိုက်တဲ့ Data တွေကို ယူ၊ Logic (အမှား/အမှန်) တွေနဲ့ တွက်ချက်ပြီး စာသား၊ ရုပ်ပုံ၊ အသံနဲ့ ဗီဒီယိုတွေအဖြစ် ပြောင်းလဲပေးတာပါ။


#IPOS Cycle

ကွန်ပျူတာတိုင်းဟာ (Input, Process, Output, Storage) ဆိုတဲ့ အဆင့်ဆင့်နဲ့အလုပ်လုပ်ပါတယ်။ ဒါကို IPOS Cycle လို့ခေါ်ပါတယ်။

  1. Input: Keyboard, Mouse, TouchScreen တွေကနေ ဒေတာတွေကို ရယူတာ
  2. Process: ရလာတဲ့ ဒေတာတွေကို ကွန်ပျူတာရဲ့ ဦးနှောက်ဖြစ်တဲ့ CPU က တွက်ချက်ပေးတာ
  3. Output: CPU က processing လုပ်ပြီးလို့ ရလာတဲ့ ရလဒ်ကို screen ပေါ်မှာ ပြန်ပြပေးတာ
  4. Storage: အချက်အလက်တွေကို SSD, HDD ပေါ်မှာ အပြီးအပိုင် သိမ်းပေးတာ

#ဥပမာတစ်ခုနဲ့ ကြည့်ရအောင်

ကျွန်တော်တို့ Keyboard ကနေ 123 ဆိုတဲ့ ဂဏန်းသုံးလုံးကို ရိုက်ထည့်လိုက်တယ်ဆိုကြပါစို့။ ဒီနေရာမှာ ကွန်ပျူတာက မျက်စိတစ်မှိတ်အတွင်း ဘာတွေလုပ်သွားလဲ။

IPOS Cycle

  • Input: User က Keyboard ရဲ့ 123 ဆိုပြီး နှိပ်လိုက်တယ်၊ ကွန်ပျူတာကို input ပေးလိုက်တာပေါ့။
  • Process: ကွန်ပျူတာရဲ့ CPU က အဲဒီဝင်လာတဲ့ keystroke တွေကိုယူပြီး processing လုပ်ပါတယ်။ (နောက်ကွယ်မှာတော့ binary code ဖြစ်တဲ့ 0 နဲ့ 1 တွေနဲ့ပဲ အလုပ်လုပ်သွားတာပါ)။ ဒီအချိန်မှာ Memory (RAM) က ဒေတာတွေကို ယာယီ ကိုင်တွယ်ပေးထားပါတယ်။
  • Output: CPU ကနေ Process လုပ်လို့ ပြီးသွားတဲ့ ရလဒ် 123 ဆိုတဲ့ ဂဏန်း ၃ လုံးကို Screen ပေါ်မှာ ထုတ်ပြပေးပါတယ်။
  • Storage: တကယ်လို့ အဲဒီ 123 ကို Text File တစ်ခုအနေနဲ့ Save လိုက်မယ်ဆိုရင်တော့ ကွန်ပျူတာက Storage (SSD/HDD) ပေါ်မှာ သိမ်းဆည်းပေးလိုက်မှာပါ။

#The Anatomy of a Computer

ယေဘုယျအားဖြင့် ကွန်ပျူတာတစ်လုံးမှာ Hardware, Software နဲ့ Firmware ဆိုတဲ့ အစိတ်အပိုင်း (၃) ခု ပါဝင်တယ်လို့ မှတ်နိုင်ပါတယ်။

Top-Level View of Computer Structure

  • Hardware: ကွန်ပျူတာတစ်လုံးမှာ ထိတွေ့ကိုင်တွယ်လို့ရတဲ့ အစိတ်အပိုင်းမှန်သမျှဟာ Hardware တွေပါ။ ဥပမာ - CPU, RAM, SSD, Keyboard, Mouse တို့ပေါ့။

  • Software: Hardware components တွေ အလုပ်လုပ်နိုင်ဖို့ ခိုင်းတဲ့ Instruction တွေ၊ Program တွေကို ခေါ်တာပါ။ အဓိကအားဖြင့် နှစ်မျိုး ခွဲနိုင်ပါတယ်။

    • System Software: Windows, macOS, Android နဲ့ iOS တို့လို Operating System (OS) တွေပါ။
    • Application Software: Google Chrome, Microsoft Word, Facebook နဲ့ ဂိမ်း App တွေ အားလုံးဟာ Application Software တွေပါ။
  • Firmware: ကွန်ပျူတာရဲ့ Hardware ထဲမှာ စက်ရုံထုတ်ကတည်းက အသေထည့်သွင်းပေးလိုက်တဲ့ low-level software အမျိုးအစားပါ။ အစက ပြောခဲ့တဲ့ အဝတ်လျှော်စက်တွေ၊ ရေခဲသေတ္တာတွေနဲ့ ကွန်ပျူတာ Motherboard ပေါ်က BIOS စနစ်တွေဟာ ဒီ Firmware ကို အခြေခံပြီး hardware ကို တိုက်ရိုက် ထိန်းချုပ်တာ ဖြစ်ပါတယ်။

အကျဉ်းချုပ်မှတ်ရရင် -

“Hardware is what makes a computer able to run, but Software is what makes a computer useful.”


အခုပြောခဲ့သလောက်ကတော့ ကွန်ပျူတာတစ်လုံး လည်ပတ်နိုင်ဖို့ အဓိကကျတဲ့ အစိတ်အပိုင်းတွေနဲ့ ကွန်ပျူတာတစ်လုံးအလုပ်လုပ် ပုံပါပဲ။ ပထမဆုံး မြန်မာလိုရေးဖြစ်တဲ့ blog post ဖြစ်တဲ့အတွက် စာဖတ်ရထောက်တာ၊ အမှားတွေပါနေတာရင် ခွင့်လွှတ်ပါ။

တူနဲ့ထုပလိုက်

Just kidding! Peace ✌️

Tags: #computer #fundamentals #hardware #software
***